အမျိုးသမီးများ၏ မျိုးဥကြွေချိန်သည် သန္ဓေအောင်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မျိုးဥကြွေပြီး ၁၄ ရက်မြောက်သည် ရာသီစလာသောရက်ဖြစ်သည်။၂၈ ရက်တစ်ခါ ပုံမှန်ရာသီလာတတ်သော အမျိုးသမီးတွင် ၁၄ ရက်မြောက်သည် မျိုးဥကြွေမည့်ရက် ဖြစ်သည်။ ၂၆ ရက်မှ ၃၂ ရက် ရာသီစက်ဝန်း ပုံမှန်ရှိသောအမျိုးသမီးများအတွက် အကြမ်းအားဖြင့် ၁၀ ရက်မြောက်မှ ၂၀ရက်မြောက်ထိ အမျိုးသားနှင့်အတူနေသင့်ပါသည်။
အမျိုးသမီးများ၏ မျိုးဥကြွေချိန်သည် သန္ဓေအောင်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။
အမျိုးသမီးများ မျိုးဥကြွေသည့်အချိန် သိနိုင်သော အချက်များ
-မိန်းမကိုယ်မှ ပုံမှန်ထက် ချွဲပျစ်သော အဖြူရောင်အရည်ကြည်များ ထွက်ခြင်း-ကိုယ်အပူချိန် အနည်းငယ်တက်ခြင်းများ (၉၉ ဒီဂရီ ဖာရင်ဟိုက်ခန့်)နေ့စဉ် (ဖျားနေချိန်မှလွဲ၍) ကိုယ်အပူချိန်တိုင်းတာမှတ်သား၍ မျိုးဥကြွေချိန်ကို သိရှိခန့်မှန်းနိုင်ပါသည်။တိုင်းတာပုံမှာ နေ့စဉ် နံနက်အိပ်ရာမှမထမီ (အနည်းဆုံး ၃ နာရီအိပ်စက်ပြီးမှသာ) သာမိုမီတာဖြင့်တိုင်းတာရန်-မျိုးဥကြွေခြင်း စစ်ဆေးပေးသော ကိရိယာနှင့် စစ်ဆေးခြင်းဖြင့် သိရှိနိုင်သည်။
အမျိုးသားများအနေနဲ့ ရက်ရွေးပြီး မနေထိုင်ခင်တွင်
-အားရှိမယ့် အစားများစားသုံးခြင်း -အိပ်ရေးဝဝ အိပ်ခြင်း -အရက်၊ဆေးလိပ် ရှောင်ခြင်း -စိတ်ဖိစီးမှုလျှော့ချခြင်းများ ပြုလုပ်ရပါမည် -သုတ်ပိုးကိုထိခိုက်စေနိုင်သော ပူစေမည့်အရာများ ကပ္ပါယ်အိတ်နှင့် ထိတွေ့ခြင်း ရှောင်ရှားရပါမည်။
မျိုးဆက်ပွားကျန်းမာရေး ကိစ္စများနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုခြင်း (သို့မဟုတ်) ဝန်ဆောင်မှုများ ရယူလိုခြင်းအတွက် အောက်ပါဖုန်းနံပါတ်များကို ဖုန်းခေါ်ဆိုမေးမြန်းခြင်း (သို့မဟုတ်) PUI-မျိုးဆက်ပွား ကျန်းမာရေး ဆေးခန်းများသို့ လူကိုယ်တိုင် သွားရောက်မေးမြန်းပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါသည်။