News & Activities

ဓမ္မတာ ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့ လှုပ်ရှားဆောင်ရွက်မှုများ

ဓမ္မတာ ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့ လှုပ်ရှားဆောင်ရွက်မှုများ

News & Activities

(ရန်ကုန်) မေလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်

ဓမ္မတာ ကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်အဖြစ် PUI မျိုးဆက်ပွား ကျန်းမာရေးစီမံချက်မှ အဖွဲ့သားများဟာ တွံတေးမြို့နှင့် ဒလမြို့ရှိတို့ရှိ ရပ်ကွက်နှင့် အလုပ်ရုံများသို့ သွားရောက်ခဲ့ကြပြီး ဓမ္မတာသွေးပေါ်ခြင်း၊ ဓမ္မတာသွေးပေါ်ချိန် တကိုယ်ရည် သန့်ရှင်းရေးဆောင်ရွက်ခြင်း များအကြောင်း ကျန်းမာရေးအသိပညာပေးမျှဝေမှုများ လုပ်ဆောင်ခဲ့ကြပါတယ်။

မေလ (၂၆) ရက်နေ့တွင် တွံ့တေးမြို့ရှိ အထည်ချုပ်စက်ရုံမှ ဝန်းထမ်းများအားလည်းကောင်း၊ (၂၇) ရက်နေ့တွင် ဒလမြို့ရှိ PUI မျိုးဆက်ပွား ကျန်းမာရေးဆေးခန်းနှင့် ဒလမြို့ မှော်စက် ရပ်ကွက်တို့တွင် အများပြည်သူများအား ဖိတ်ခေါ်၍ အသိပညာပေး ဆွေးနွေးခဲ့ခြင်းအစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါတယ်။

ဒလမြို့ ၌ ပြုလုပ်ခဲ့သည့် အသိပညာပေးဆွေးနွေးပွဲများ အပြီးတွင် ရာသီလာစဉ်ဝတ်ရသော လစဉ်သုံး FEMPO ပန်တီ များ ဝေမျှပေးခဲ့ပါတယ်။

“ကျွန်မတို့ကတော့ လစဉ်သုံး ဂွမ်းထုတ်ကိုပဲ သုံးကြတာ။ ဒီလိုမျိုး ပန်တီမျိုးကိုတော့ တစ်ခါမှမတွေ့ဖူးဘူး။ အခုမှ တွေ့ဖူးတာ။ ဂွမ်းထုတ်သုံးတာကတော့ လစဉ်ငွေကုန်တာပေါ့။ ဒီပန်တီက ပြန်လျှော်ပြီး ပြန်သုံးလို့ ရတယ်ဆိုတော့ ငွေကုန်သက်သာတာပေါ့။ ပတ်ဝန်းကျင် ညစ်ညမ်းမှုလည်း သက်သာတာပေါ့” ဟု မှော်စက်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။

လစဥ်သုံး FEMPO ပန်တီဟာ တခါသုံး လစဥ်သုံး ဂွမ်း ထုတ်၊ မိန်းမကိုယ်ထဲ ထဲ့ရသောအချောင်း၊ ရာသီခံခွက် များအစားထိုး သုံးရန်ဖြစ်ပါတယ်။ လစဥ်သုံး FEMPO ပန်တီသည် ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိခြင်း၊ ရေရှည်ပြန်လည် အသုံးပြုနိုင်ခြင်းများကြောင့် ကုန်ကျစားရိတ်သက်သာခြင်း စသည့် ကောင်းကျိုးများရှိပါတယ်။

PUI မျိုးဆက်ပွား ကျန်းမာရေးစီမံချက်မှ အဖွဲ့သားများဟာ အမျိုးသမီး လစဉ်သုံးပစ္စည်းများ၏ ကောင်းကျိုးဆိုးကျိုးများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စနစ်တကျ စွန့်ပစ်နိုင်ရန် နည်းလမ်းများကိုလည်း အသိပညာပေးဝေမျှခဲ့ပါတယ်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!