News & Activities

ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့

ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့

News & Activities

ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ အဖြစ် ၂၀၂၂ စက်တင်ဘာလ ၂၆ရက်နေ့တွင် PUI မျိုးဆက်ပွား ကျန်းမာရေးစီမံချက် (ရန်ကုန်) နဲ့ PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (ရှမ်းတောင်) တို့မှာ သားဆက်ခြားနည်းလမ်းများ နှင့် သားဆက်ခြားခြင်း၏ အရေးပါမှုများအကြောင်း အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါတယ်။

ဒလနဲ့ သန်လျင် တို့ရှိ PUI မျိုးဆက်ပွားကျန်းမာရေး ဆေးခန်းများတွင်လည်းကောင်း၊ တွံတေးမျို့ရှိ အလုပ်ရုံတစ်ခုတွင် လည်းကောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းအေးသာယာရှိ PUI မျိုးဆက်ပွားကျန်းမာရေး ဆေးခန်းတွင် လည်းကောင်း ကျန်းမာရေးအသိပညာမျှဝေဆွေးနွေးခြင်း များ လုပ်ဆောင်ခဲ့ကြပါတယ်။

အသိပညာပေးဆွေးနွေးပွဲများ အပြီးတွင် တက်ရောက်လာသူများအား သားဆက်ခြားနည်းလမ်းများအကြောင်း အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး

• တကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊

• ကိုယ်ဝန်စမ်းသပ်သောဆီးစစ်တံများ၊

• အမျိုးသားကွန်ဒုံးများ မျှဝေပေးခဲ့ပါသည်။

“သားဆက်ခြားနည်းလမ်းတွေ သိခွင့်ရတော့ ကိုယ်ဘာသုံးလို့ရသလဲ ဆုံးဖြတ်လို့ရတာပေါ့” ဟု အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။

နောက်အမျိုးသမီးတစ်ဉီးကလည်း “ ကျမကတော့ အပျိုကြီးပါ။ ဒါပေမဲ့ ဒီနည်းလမ်းတွေ သိထားတော့လည်း မျှဝေပေးလို့ရတာပေါ့” ဟုမှတ်ချက်ပေးခဲ့ပါတယ်။

နောက်အမျိုးသမီး တစ်ဉီးကတော့ “ နောက်ဆုံးကလေးမွေးပြီး ကတည်းက ၃လခံဆေးထိုးလာတာ ခုဆိုကလေးက ၃နှစ်ရှိပြီ။ နောက်ပိုင်းတော့ ကာလကြာရှည်သားဆက်ခြားနည်းဖြစ်တဲ့ လက်မောင်းထဲထည့်တာမျိုး ပြောင်းသုံးဖို့စဉ်းစားနေတာ” လို့မှတ်ချက်ပြုခဲ့ပါတယ်။

PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (ဒလ)
PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (ဒလ)
PUI မျိုးဆက်ပွား ကျန်းမာရေးဆေးခန်း (ဒလ)
PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (ဒလ)
PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (ရှမ်းတောင်)
PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (ရှမ်းတောင်)
PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (ရှမ်းတောင်)
PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (သန်လျင်)
PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်း (သန်လျင်)
တွံတေးမြို့ရှိအလုပ်ရုံ တစ်ခုတွင် ကမ္ဘာ့သားဆက်ခြားနေ့ အထိမ်းအမှတ်ကျန်းမာရေးအသိပညာမျှဝေပေးစဉ်
တွံတေးမြို့ရှိအလုပ်ရုံ တစ်ခုတွင် ကမ္ဘာ့သားဆက်ခြားနေ့ အထိမ်းအမှတ်ကျန်းမာရေးအသိပညာမျှဝေပေးစဉ်
တွံတေးမြို့ရှိအလုပ်ရုံ တစ်ခုတွင် ကမ္ဘာ့သားဆက်ခြားနေ့ အထိမ်းအမှတ်ကျန်းမာရေးအသိပညာမျှဝေပေးစဉ်

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!