Q&A (Questions & Answers)

ကာလရှည် သားဆက်ခြား နည်းလမ်း (IUD)

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

ကာလရှည်သားဆက်ခြားနည်းလမ်းတွေက ဘာတွေရှိလဲ။
  • သားအိမ်တွင်းထည့် သားဆက်ခြား ပစ္စည်း (IUD) နဲ့
  • လက်မောင်းတွင်းထည့် သားဆက်ခြား ပစ္စည်း (Implant) ဆိုပြီးရှိပါတယ်။
သားအိမ်တွင်းထည့် သားဆက်ခြား ပစ္စည်း (IUD) ဆိုတာဘာလဲ။

သားအိမ်တွင်းထည့် သားဆက်ခြား ပစ္စည်း (IUD) ဆိုတာက သေးငယ်တဲ့ ပစ္စည်းလေးတစ်ခုဖြစ်ပြီး

ဟော်မုန်းပါတာနဲ့ မပါတာဆိုပြီး နှစ်မျိုး ရှိပါတယ်။

ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းအကုန်လုံးဟာ levonorgestrel ဟော်မုန်းကို ထုတ်ပေးပြီး သားဥကြွေခြင်းကို တားပါတယ်။

ဟော်မုန်းမပါ တဲ့ IUD Copper IUD ကတော့ အဓိကအားဖြင့် သားဥနဲ့ သုက်ပိုးတွေကို မတွေ့နိုင်အောင်၊ ကိုယ်ဝန်မတွယ်အောင် ဟန့်တားပေး ပါတယ်။

အသုံးပြုတဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်ကြိမ်ထည့်ထားရင် (၅) နှစ်မှ (၁၂) နှစ် ကြာထိ ကိုယ်ဝန်တားပေးနိင် ပါတယ်။

သားအိမ်တွင်းထဲ့ သန္ဓေတားပစ္စည်းရဲ့ အားသာချက်ကဘာတွေလဲ။
  • နှစ်နဲ့ချီပြီး ကိုယ်ဝန်တားပေးနိုင်ခြင်း
  • ပြန်ထုတ်ပြီးတာနှင့် အလွယ်တကူ ကလေးပြန်ရခြင်း
  • ဈေးသက်သာခြင်း
  • အလုပ်ရှုပ်သက်သာခြင်း
  • လိင်ဆက်ဆံသည့် အချိန်မှာလည်း အနှောင့်အယှက် မဖြစ်ခြင်း တို့ ဖြစ်ပါတယ်။
ဟော်မုန်းမပါသည့် Cu IUD ရဲ့ အားသာချက်တွေက ဘာတွေရှိလဲ။
  • ဟော်မုန်းဆိုင်ရာ ဆိုးကျိုးများမခံရခြင်း
  • ကိုယ်ဝန်တားပေးသည့် အာနိသင် ချက်ချင်းရခြင်း၊ 👩‍❤️‍💋‍👨
  • အကာအကွယ်မယ့် လိင်ဆက်ဆံပြီးပါက ၅ရက်အတွင်း Copper IUD ဖြင့် အရေးပေါ် ကိုယ်ဝန်တားနိုင်ခြင်း👩‍❤️‍👨 တို့ ဖြစ်ပါတယ်။
IUD ကို ဘယ်ချိန်ထဲ့ရမှာလဲ။
  • ဓမ္မတာလာပြီး ၁၂ ရက်အတွင်း
  • မီးဖွားပြီး ၄၈ နာရီ သို့မဟုတ် ၄ ပတ်အတွင်း
  • ကိုယ်ဝန်ပျက်ကျပြီး ချက်ခြင်း သို့မဟုတ် ၇ ရက်အတွင်းထည့်နိုင်ပါတယ်။
  • ကိုယ်ဝန်မရှိတာသေချာရင် အမျိုးသမီးရဲ့ ရာသီစက်ဝန်းရဲ့ ဘယ်အချိန်မဆိုထည့်လို့ရပါတယ်။
ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ။
  • ရာသီလာစဉ် ပုံမှန်ထက်နာကျင်ခြင်း
  • ရာသီမလာခင်နှင့် ရာသီလာစဉ် ခံစားရနိုင်တဲ့ လက္ခဏာတွေကို ပုံမှန်ထက်ပိုမိုခံစားရခြင်း
  • သွေးဆင်းများခြင်း
  • သွေးဆင်းရက်ကြာခြင်း များ ဖြစ်တတ်ပါတယ်။
  • ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းက တော့ ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးတွေဟာ ဖြေရှင်းလို့ရပါတယ်။
ဘယ်သူတွေက IUD မထည့်သင့်တာလဲ။
  • လိင်ဆက်ဆံဖော် အများအပြားရှိသည့် အမျိုးသမီးများ
  • လိင်မှတဆင့် ကူးစက်သောရောဂါလက္ခဏာရှိသော အမျိုးသမီးများ
  • HIV နှင့် အခြားသော ကာလသားရောဂါရှိသော အမျိုးသမီးများ
  • လတ်တလော ပုံမှန်မဟုတ်ပဲသွေးဆင်းသည့် အမျိုးသမီးများ
  • ကိုယ်ဝန်ဆောင် သို့မဟုတ် ကိုယ်ဝန်သံသယရှိသော အမျိုးသမီးများ ဖြစ်ပါတယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!