အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၂၅ ရက်နေ့ နိုဝင်ဘာလ ၂၀၂၂) အထိမ်းအမှတ် အဖြစ်PUI မျိုးဆက်ပွား ကျန်းမာရေးစီမံချက် (ရန်ကုန်) မှ အဖွဲ့သားတွေဟာ ရန်ကုန် တောင်ပိုင်းရှိ မြို့နယ် (၃) ခု တွင် နိုဝင်ဘာလ ၂၈ရက်နေ့က အထိမ်းအမှတ်နေ့ကျင်းပခဲ့ပါတယ်။
ဒလမြို့နယ်ရှိ PUI မျိုးဆက်ပွားကျန်းမာရေးဆေးခန်းတွင်လည်းကောင်း၊တွံ့တေးနှင့် သန်လျင်မြို့နယ်ရှိ စက်ရုံ အသီးသီးတွင်လည်းကောင်း အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအကြောင်း ဆွေးနွေးပေးခြင်း၊ကျားမ အခြေပြုအကြမ်းဖက်မှု အကြောင်း အသိပညာပေးဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးပေးခြင်းများ၊ တစ်ကိုယ်ရည်အသုံးအဆောင်ပစ္စည်းမျှဝေပေးခြင်း များပြုလုပ်ခဲ့ပါသည်။
“ဒီအထိမ်းအမှတ်နေ့ကို တက်ခွင့်ရလို့ အကြမ်းဖက်မှုပုံစံ အမျိုးမျိုးကို သိခွင့်ရတော့ ဗဟုသုတတိုးတာပေါ့” ဟု အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။
နောက်အမျိုးသမီးတစ်ဉီးကလည်း “ ကျမကတော့ အကြမ်းဖက်ခံရတာကိုတော့ ကိုယ်တွေ့မကြုံဖူးပါဘူး။ အမှုမဲ့ အမှတ်မဲ့နေမိတာလဲပါမယ်ထင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီး တော်တော်များများ ဒါမျိုးကြုံခဲ့ရင်လဲ သူတို့ အတွေ့အကြုံကို မျှဝေကြမှာမဟုတ်ဘူးလို့ထင်တယ်” ဟုမှတ်ချက်ပေးခဲ့ပါတယ်။
နောက်အမျိုးသား တစ်ဦးကတော့ “ဒီအထိမ်းအမှတ်နေ့မှာပြောသွားသလို အမျိုးသားတွေပါဝင်မှုကလည်း ဒီလို အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ ပပျောက်ဖို့ အရေးကြီးတယ်လို့မြင်ပါတယ်” လို့မှတ်ချက်ပြုခဲ့ပါတယ်။