News & Activities

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု

News & Activities

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် PUI မျိုးဆက်ပွားကျန်းမာရေး (ရှမ်းတောင်) မှ အဖွဲ့သားများဟာ PUI Service Center, အေးသာယာမြို့၊ တောင်ကြီးမြို့နယ် တွင် ဒီဇင်ဘာလ ၂ရက်နေ့က အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤအခမ်းအနားတွင် ကျားမအခြေပြုအကြမ်းဖက်မှုအကြောင်း အသိပညာမျှဝေပေးခြင်း၊ HIV/AIDS အသိပညာမျှဝေခြင်း နှင့် ရပ်ရွာအတွင်း မသန်စွမ်းသူများပါဝင်လာစေရန် အသိပညာပေးခြင်းတို့ကို အဓိကထားမျှဝေခြင်းဖြစ်သည်။

16 ရက်တာလှုပ်ရှားမှု၊ ကမ္ဘာ့ခုခံအားကျကာလသားရောဂါတိုက်ဖျက်ရေးနေ့၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ နှင့် ပတ်သက်သော အမေးအဖြေများ တက်ရောက်လာသူများနှင့် ဆွေးနွေးခဲ့ကြပြီး အခမ်းအနားအပြီးတွင် အမှတ်တရ လက်ဆောင်ပေးအပ်ခြင်း အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံခြင်းများပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတို့တက်ရောက်လာကြသူများ၊ အခြားသော NGO အဖွဲ့အစည်းများ၊ INGO ၏ မိတ်ဖက်များသည် အခမ်းအနားအတွင်းပြင်ဆင်ထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူတစ်ဦးက “ဒီလိုနေ့တွေရှိတယ်ဆိုတဲ့ အကြောင်း သိရတာ အရမ်းကောင်းပြီး HIV/AIDS က ဘယ်လိုစတင်ခဲ့တယ်ဆိုတာ သူကောင်းကောင်းသိခဲ့ပါပြီ” လို့ ပြောပါတယ်။ “မသန်စွမ်းသူများ၏ သဘောတရားကိုလည်း သိရှိပြီး နောက်ပိုင်းတွင် မသန်စွမ်းသူများ အနေဖြင့် လူမှုအသိုင်းအဝိုင်းတွင် ပိုမိုပါ၀င်ရန် ပိုမိုသတိထားဆောင်ရွက်ဖို့သိရှိလာရတယ်” ဆိုတဲ့ အကြောင်း ပြန်လည် ပြောကြားပါသည်။

မိတ်ဖက်အဖွဲ့အစည်းနှင့် ဆက်စပ်အဖွဲ့အစည်းမှ ပါဝင်သူများသည် ကျားမအခြေပြုအကြမ်းဖက်မှု ကြုံရသူများအား နောက်ဆက်တွဲပံ့ပိုးကူညီလမ်းညွှန်ပေးနိုင်ပုံများ ၊ မသန်စွမ်းသူများအား ဖေးမကူညီနိုင်ပုံနှင့် မသန်စွမ်းသူများ ပိုမိုပါဝင်နိုင်အောင်ဆောင်ရွက်နိုင်မှုတို့ အပြင် PUI ဝန်ဆောင်မှုစင်တာ၊ အေးသာယာ၊ တောင်ကြီးမြို့နယ်တွင် SRHR အတွက် ရရှိနိုင်သော မိသားစုစီမံကိန်းနှင့် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် ဆွေးနွေးခဲ့ကြပါသည်။

December ၁ ရက်နေ့၊ ကမ္ဘာ့ AIDS တိုက်ဖျက်ရေး အခမ်းအနားနေ့တွင်လည်း PUI ၏ မိတ်ဖက် အဖွဲ့အစည်းဖြစ်သော ချယ်ရီမြေမှတွဲလက်များ အဖွဲ့မှ စီစဉ်ကျင်းပသည့် HIV/AIDS နှင့် ပတ်သက်၍ သိကောင်းစရာ အမေးအဖြေ အစီအစဉ်တွင် PUI မှ အဖွဲ့ဝင် (၂) ဦးမှ တက်ရောက်၍ တက်ရောက်လာသည့် ပရိသတ်များနှင့်တွေ့ဆုံကာ ၎င်းတို့သိလိုသည်များကို အမေးအဖြေ အစီအစဉ်ပြုလုပ်ပေးခဲ့ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!