News & Activities

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား 2023

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား 2023

News & Activities

မင်္ဂလာပါ ချစ်သူငယ်ချင်းတို့ရေ..မတ်လ (၈) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်တယ်ဆိုတာကို ဗီဒီယိုလေးတင်ပေးခဲ့တာမို့ သူငယ်ချင်းတို့ ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ်. ဒီနေ့မှာတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ဒလမြို့နယ်နဲ့ တွံတေးမြို့နယ်တွေမှာ ရှိတဲ့ PUI- မျိုးဆက်ပွါးကျန်းမာရေးဆေးခန်းတွေမှာ ကျင်းပခဲ့တာကို ဝေမျှပေးလိုက်ပါတယ်နော်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနဲ့ ၂၀၂၃ ခုနှစ် မတ်လ (၈) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် တွံတေးမြို့နယ်တို့ရှိ PUI- မျိုးဆက်ပွါးကျန်းမာရေးဆေးခန်းတွေမှာ မြို့နယ်အတွင်းရှိ အမျိုးသမီးများကို ဖိတ်ကြားပြီး အပြန်အလှန်အတွေးအမြင်ဖလှယ်ခြင်း (group panel discussion) ပုံစံနဲ့ ဆွေးနွေးဝိုင်း လုပ်ခဲ့ပါတယ်။

ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ လုပ်ဆောင်မှု၊ ဖြစ်တည်မှု နဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကျေးဇူးတင်ဂုဏ်ပြုပေးဖို့ပဲဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့က ဘယ်အချိန်က စတင်ဖြစ်ပေါ်လာခဲ့တာလဲ။ ဘာကြောင့်ကျင်းပကြတာလဲ

ကမ္ဘာအနှံ့အပြားမှာဒီနေ့မှာ အမျိုးသမီးအရေးနဲ့ပတ်သက်လို့ ဘယ်လိုတွေဆောင်ရွက်ကြသလဲ

ဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး

PUI- မျိုးဆက်ပွါးဆေးခန်းမှ ဆရာဆရာမများမှ ဦးဆောင်ပီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝန်းလုံးတွင် ကျင်းပကြပုံနဲ့ အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အားလုံးလေးစားတန်ဖိုးထားလာကြပုံ တွေကိုလည်း ရှင်းပြပြောဆိုခဲ့ပါတယ်-

  • ရပ်ရွာထဲတွင် အမျိုးသားနဲ့ အမျိုးသမီးများ၏ အခန်းကဏ္ဍ တာဝန်တွေ အကြောင်း၊ အလုပ်ခွင်တွင် ကျားမ တန်းတူအခွင့်အရေး ရှိမရှိ၊ အမျိုးသမီးများအပေါ် ခေါင်းပုံအမြတ်ထုတ် အနိုင်ကျင့်ခြင်း တွေ ရှိမရှိ တွေအကြောင်း၊ ဒီနှစ်ရဲ့ အဓိကအချက်ဖြစ်တဲ့ Embrace Equity ( ညီမျှမှုကို ထွေးပွေ့ပါ) အကြောင်း၊ နောက်ထပ် အရေးကြီးတဲ့အချက်တခုဖြစ်တဲ့ တန်းတူညီမျှမှုနဲ့ သာတူညီမျှမှုရဲ့ ကွဲပြားခြားနားမှုအကြောင်းတွေကို အပြန်အလှန် ဆွေးနွေး ပြောဆိုကြပီး တက်ရောက်လာကြသော အမျိုးသမီးများမှ သူတို့၏ အမြင်၊ ခံစားချက်၊ မရှင်းလင်းတာတွေကို PUI မှ ဆရာဆရာမများနဲ့ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်၊

  • အစီအစဉ်နောက်တခုအနေဖြင့် အမျိုးသားတွေရဲ့ တာဝန်လား အမျိုးသမီးတွေရဲ့ တာဝန်လားဆိုတာကို ခွဲခြားသိမြင်နိုင်ဖို့ တက်ရောက်လာသော အမျိုးသမီးများကို လုပ်ငန်းတာဝန်တွေအကြောင်းရေးထားတဲ့ စာရွက်အတိုလေးတွေကို ပေးပီး အမျိူးသားတာဝန်လား အမျိုးသမီးတာဝန်လားနဲ့ အမျိုးသားရောအမျိုးသမီးတွေရော တာဝန်ရှိတာလားဆိုတာကို knowledge refresh အနေဖြင့် ဘုဒ်ပေါ်မှာ ကပ်ခိုင်းရာ တက်ရောက်လာသော အမျိုးသမီးများမှ ပျော်ပျော်ပါးပါး ငြင်းခံးဆွေးနွေးပြီး အတွေးအမြင်တွေကို ပိုကျယ်အောင်လုပ်နိုင်ခဲ့ပါတယ်။
  • တက်ရောက်လာသော အမျိုးသမီးများကိုလည်း ဒီဆွေးနွေးဝိုင်း အပြီးမှာ အကျွေးအမွေးအစီအစဉ်ဖြင့် ဧည့်ခံခဲ့ပါသည်။

  • ဆွေးနွေးဝိုင်းတက်ရောက်လာသောသူများထဲမှ တယောက်ကလည်း အခုလို PUI ဆေးခန်းမှာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆွေးနွေးဝိုင်းကျင်းပပေးပြီး အမျိုးသမီးများကို အလေးထားဂုဏ်ပြုပေးလို့ ကျေးဇူးတင်ကြောင်း၊ အခုလိုတက်ရောက်ဆွေးနွေးခွင့်ရလို့ အရင်က သိပ်နားမလည်ခဲ့တဲ့ ကျားမခွဲခြားဆက်ဆံခံရမှုအကြောင်းနဲ့ အမျိုးသမီးတွေမှာ ဘယ်လိုအခွင့်အရေးတွေရှိတယ်ဆိုတာ အများကြီးသိရလို့ သူမအတွက် အရမ်းအကျိုးရှိပီး အားအင်တွေပိုရကြောင်းပြောကြားပီး နောက်နှစ်တွေမှာလည်း ဆက်လက်ကျင်းပပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်.

  • ဆွေးနွေးဝိုင်းကို ဒလမြို့နယ်မှာ စုစုပေါင်း – – – ယောက်၊ တွံတေးမြို့နယ်မှာ စုစုပေါင်း – – – ယောက် ပါဝင်ဆင်နွဲခဲ့ပါတယ်.

  • အခုလို ကျင်းပရခြင်းကြောင့် ပြည်သူလူထုအနေဖြင့် အမျိုးသမီးများ၏ အခန်းကဏ္ဍအကြေင်းပိုမိုသိရှိလာပီး ကျားမတန်းတူညီမျှမှုရှိဖို့ အရေးကြီးကြောင်း ပိုမိုသိရှိသွားနိုင်တာကြောင့် PUI ဆေးခန်းအနေနဲ့လည်း ကျေနပ်အားရမိပါတယ်.

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!