အသိပညာပေး

ကာလသားရောဂါ ဆစ်ဖလစ်

ကာလသားရောဂါ ဆစ်ဖလစ်

အသိပညာပေး

ကာလသားရောဂါဆိုသည်မှာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ (STI) တွင် တစ်ခုအပါဝင်ဖြစ်သည်။

ကူးစက်နိုင်သော နည်းလမ်းများ 🍌🍌🦪🦪

-ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံရာမှ အဓိကကူးစက်ခြင်း 👩‍❤️‍💋‍👨👩‍❤️‍💋‍👨🍌🥯-ရောဂါပိုးရှိသူ၏ ကာလသားရောဂါအနာ (လိင်အင်္ဂါ၊ မိန်းမကိုယ်၊ စအို၊ ပါးစပ်) နှင့် ထိတွေ့ခြင်း 👩‍❤️‍💋‍👨🍌💋🍩👅-ရောဂါပိုးရှိသောသွေးသွင်းရာမှ ကူးစက်ခြင်း 🚨🚨-ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ကူးစက်ခြင်း 👩‍👦👩‍👦

ရောဂါလက္ခဏာများ

(၁)အစောပိုင်းရောဂါအဆင့် 🤭🤭-လိင်အင်္ဂါ (သို့) လိင်ဆက်ဆံတဲ့နေရာများမှာ မနာတတ်သော အနာပေါက်ပြီး (၃) ပတ်မှ လပိုင်းကြာပြီးနောက် အလိုအလျောက် ပျောက်ကင်းသက်သာသွားတတ်သည်။ ရောဂါအရှင်းပျောက်သွားခြင်း မဟုတ်ဘဲ ရောဂါလက္ခဏာ ငုပ်လျှိုးသွားခြင်းများ ဖြစ်တတ်သည်။

(၂)ဒုတိယရောဂါအဆင့် 🙁🙁-လက်ဖဝါး ခြေဖဝါးတို့တွင် ယားယံခြင်းမရှိသော အနီစက်များ ပေါ်တတ်ပြီး အကျိတ်ထွက်ခြင်း၊ ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစားသောက်ပျက်ခြင်းများ ဖြစ်တတ်သည်။

(၃)တတိယရောဂါအဆင့် 😨😨😥😥😓-ဦးနှောက် နှင့် နှလုံးရောဂါဖြစ်လာပြီး အမြင်အာရုံ အကြားအာရုံ ထိခိုက်ခြင်း၊ လေဖြတ်ခြင်းမှ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။

မကူးစက်ရန် ကာကွယ်နည်းများ 🙅‍♂️🙅🙅‍♀️

-လိင်အပျော်ပါးရှောင်ပါ၊ ကိုယ့်ကိုကိုယ် ကာကွယ်ရန် ကွန်ဒုံးသုံးပါ။ 🍌🍆🥯🍩-လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဖြစ်ရင် စနစ်တကျ ကုသမှုခံယူပါ။ 👩‍⚕️‍⚕️-ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် ကိုယ်ဝန်ရှိသည်နှင့် ရောဂါပိုးရှိမရှိ သွေးစစ်ကြည့်ရန်လိုအပ်ပါသည်။ မိခင်မှာ မကုသလျှင် ကလေးမှာ ကိုယ်အင်္ဂါချွတ်ယွင်းနိုင်ပါသည်။ 👩🤦‍♀️👩‍👧

ကုသနိုင်သည့် နည်းလမ်းများ 🩺💊💉

-ကာလသားပိုးရှိမရှိ သွေးစစ်ကြည့်ပါ။ 🕵️‍♀️ ပိုးသတ်ဆေးထိုး၍ ကုသလို့ရပါသည်။ မိမိ၏ လိင်ဆက်ဆံဖော်ကိုလည်း ကုသမှုခံယူရန် သွေးစစ်ပါ။ ကုသနေစဉ်အတွင်း လိင်အပျော်ပါးရှောင်ကြဉ်ရပါမည်။ 🙅‍♂️🙅🙅‍♀️🍌🍆🍩-မကုသပဲထားလျှင် လက္ခဏာများ ပျောက်သွားနိုင်သော်လည်း ရောဂါပိုးဆက်လက်ရှိနေနိုင်ပါသည်။ 🦠🦠🦠 စနစ်တကျ ဆေးပတ်လည်အောင် မကုသလျှင် ရှေရှည်တွင် ဦးနှောက်နှင့် နှလုံးရောဂါ ဖြစ်လာနိုင်ပါသည်။ 💔💔🧠🧠

PUI မျိုးဆက်ပွါးကျန်းမာရေးအခမဲ့ဆေးခန်းများတွင် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ဆွေးနွေးတိုင်ပင် စစ်ဆေးကုသနိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!