အသိပညာပေး

သားဆက်ခြားနည်းလမ်းများ

သားဆက်ခြားနည်းလမ်းများ

အသိပညာပေး

၁၊၊ရေတိုသားဆက်ခြားနည်းလမ်း

-ဟော်မုန်းနှစ်မျိုးပါဝင်သောနေ့စဉ်သောက်ဆေး -ဟော်မုန်းတစ်မျိုးတည်းပါဝင်သောနေ့စဉ်သောက်ဆေး -၃လခံသန္ဓေတားထိုးဆေး(အသားတွင်း) -၃လခံသန္ဓေတားထိုးဆေး(အရေပြားအောက်) -အရေးပေါ်သန္ဓေတားဆေး -အမျိုးသားသုံးကွန်ဒုံး -အမျိုးသမီးသုံးကွန်ဒုံး

၊၊ရေရှည်သားဆက်ခြားနည်းလမ်း

-သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်ခြင်း -လက်မောင်းအရေပြားအောက်သန္ဓေတားပစ္စည်းထည့်ခြင်း -အမျိုးသား သားကြောဖြတ်ခြင်း -အမျိုးသမီးသားကြောဖြတ်ခြင်း *ဟော်မုန်းနှစ်မျိုးပါဝင်သောနေ့စဥ်သောက်ဆေး-ဟော်မုန်းပါဝင်သော ရေတိုနည်းဖြစ်သည်။ တစ်လတစ်ခါ ရာသီပေါ်လေ့ပေါ်ထရှိပါသည်။ ဆေးဖြတ်ပြီးပါက ကိုယ်ဝန်ပြန်ဆောင်ရန် အကြာကြီးစောင့်ရန် မလိုပါ။

-နေ့စဉ်သောက်ရမည့်ဆေးဖြစ်သည့်အတွက် မမေ့မလျှော့ အချိန်မှန်ပုံမှန်သောက်ရမည်။ -ပျို့အန်ခြင်း၊ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ရင်သားတင်းနာခြင်းများ ဖြစ်တတ်သည်။ -တီဘီဆေးအချို့၊အတက်ကျဆေးအချို့နှင့်သန္ဓေတားဆေးတွဲသောက်လျှင် တားဆေးအာနိသင်ကျစေသည်။ အချို့သော စွဲသောက်သည့်ဆေးများရှိပါက ဆရာဝန်နှင့်ဆွေးနွေးပြီးမှသာ သောက်သင့်သည်။

-နို့တိုက်မိခင်၊အသည်းရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါ၊ ခေါင်းတစ်ခြမ်းအပြင်းအထန်ကိုက်သောသူများ ဆရာဝန်နှင့် ဆွေးနွေးပြီးမှသာ သောက်သုံးရပါမည်။*ဟော်မုန်းတစ်မျိုးတည်းသာပါဝင်သောနေ့စဉ်သောက်ဆေး-နို့တိုက်မိခင်များအတွက်သင့်တော်ပါသည်။ ရာသီမပေါ်ချင်သောသူများ အတွက်သင့်တော်ပါသည်။-အချိန်အတိအကျ သောက်ရန် အရေးကြီးပါသည်။ -ပျို့အန်ခြင်း၊ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ရင်သားတင်းနာခြင်းများ ဖြစ်တတ်သည်။

၃လခံသန္ဓေတားထိုးဆေး

-၃လ(၁၃ ပတ်) တစ်ခါသာ ဆေးခန်းတွင် ဆေးထိုးရပါမည်။ နေ့စဉ်ဆေးသောက်ရန် မေ့တတ်သူများအတွက် အဆင်ပြေသည်။ ရာသီပုံမှန်မဆင်းခြင်း၊ ထိုးနေစဉ်ကာလ ရာသီမပေါ်ခြင်းများ၊ ဆေးဖြတ်လိုက်သော် ကိုယ်ဝန်ပြန်ရနိုင်ရန် ကြာတတ်ခြင်းများ ဖြစ်တတ်သည်။ပျို့အန်ခြင်း၊ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ရင်သားတင်းနာခြင်းများ ဖြစ်တတ်သည်။-သွေးတိုးမထိန်းနိုင်သော သွေးတိုးရောဂါသည်များ မထိုးရပါ။

လက်မောင်းအရေပြားအောက်သန္ဓေတားပစ္စည်းထည့်ခြင်း

-၃ နှစ်/၄နှစ်/၅နှစ်ခံ သန္ဓေတားနည်းဖြစ်သည့်အတွက် အလုပ်ရှုပ်သက်သာသည်။ ပျို့အန်ခြင်း၊ကိုယ်အလေးချိန်ပြောင်းလဲခြင်း၊ရင်သားတင်းနာခြင်းများ၊ ရာသီပုံမှန်မလာခြင်းများ ဖြစ်တတ်သည်။

သားအိမ်တွင်းသန္ဓေတားပစ္စည်းထည့်ခြင်း

-၁၀နှစ်ခံ (အများဆုံးအသုံးပြုသော ပစ္စည်းမှာ ၁၀နှစ်ခံ ပစ္စည်းဖြစ်သည်) ဖြစ်သည့်အတွက် အလုပ်ရှုပ်သက်သာသည်။ ဟော်မုန်းမပါဝင်သည့်အတွက် အချို့သောရောဂါများလည်းတည့်သည်၊ ရာသီပုံမှန်ပေါ်သည်။-ရာသီဆင်းပြီးတိုင်း ကြိုးစပြန်စမ်းရန် လိုအပ်ပါသည်။ ကြိုးစပျောက်လျှင် ဆေးခန်းပြန်ပြရန်လိုအပ်ပါသည်။-ပုံမမှန် အဖြူဆင်းသူ၊ သားအိမ်ပြဿနာ၊ ပုံမမှန် အနီဆင်းများသူများအတွက် မသင့်တော်ပါ။

အရေးပေါ်သန္ဓေတားဆေး

-အတူနေပြီး ၇၂နာရီအတွင်းသောက်ရသောဆေးဖြစ်သည်။ (၅)ရက် မြောက်ထိသောက်၍ရသော်ငြားလည်း ကိုယ်ဝန်ကာကွယ်နိုင်သည့် ရာခိုင်နှုန်းနည်းပါသည်။-အတူမနေခင် ကြိုသောက်ရသော ဆေးမဟုတ်ပါ။-အရေးပေါ်တားဆေးဖြစ်သည့်အတွက် ပုံမှန်အမြဲမသောက်ရပါ။-ရာသီသွေး ကမောက်ကမဖြစ်တတ်သည်၊ပျို့အန်ခြင်း၊ရင်သားတင်းနာခြင်းများ ဖြစ်တတ်သည်။

ကွန်ဒုံး

-လိင်မှတစ်ဆင့်ကူးစက်နိုင်သောရောဂါများလည်း ကာကွယ်ပေးသည်။-နည်းစနစ်မှန်ကန်စွာ အသုံးပြုရန်လိုအပ်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!