News & Activities

မျိုးဆက်ပွါးကျန်းမာရေးနှင့်ဆိုင်သော အသိပညာပေးအခမ်းအနား – ရှမ်းပြည်နယ် တောင်ပိုင်း

မျိုးဆက်ပွါးကျန်းမာရေးနှင့်ဆိုင်သော အသိပညာပေးအခမ်းအနား – ရှမ်းပြည်နယ် တောင်ပိုင်း

News & Activities

ဒီနေ့မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့၊ တောင်ကြီးမြို့နယ် မှာရှိတဲ့ PUI- မျိုးဆက်ပွား ကျန်းမာရေး ဆေးခန်းမှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မျိုးဆက်ပွါးကျန်းမာရေးနှင့်ဆိုင်သော အသိပညာပေးအခမ်းအနားအကြောင်း ဝေမျှပေးလိုက်ပါတယ်နော်

မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သော အသိပညာပေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ PUI မျိုးဆက်ပွား ကျန်းမာရေး ဆေးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကျင်းပပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ မျိုးဆက်ပွား ကျန်းမာရေးနှင့်သက်ဆိုင်သော အသိပညာများကို မသန်စွမ်းသူများအပါအဝင် ပြည်သူအားလုံးကို သိရှိစေရန် ဖြစ်ပါတယ်။

အခမ်းအနားကို မျိုးဆက်ပွားကျန်းမာရေးဆိုတာဘာလဲ ဘယ်လိုအခန်းကဏ္ဍ တွေပါဝင်တာလဲ စသဖြင့် စတင်မိတ်ဆက်ဆွေးနွေးပေးခဲ့ပါတယ်။

PUI မျိုးဆက်ပွား ကျန်းမာရေးအဖွဲ့အနေနဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ ကမ္ဘာ့ကွန်ဒုံးနေ့ဖြစ်ကြာင်းကို ပိုမိုသိရှိလာစေရန်ရည်ရွယ်ပီး တက်ရောက်လာသော အမျိုးသားများရော အမျိုးသမီးများကိုပါ ကွန်ဒုံးအသုံးပြုပုံအကြောင်းနှင့် ကွန်ဒုံးနှင့်ပတ်သတ်ပီး လွဲမှားနိုင်သော သဘောသဘာဝများအကြောင်း ဆွေးနွေးပေးခဲ့ပါတယ်။ PUI မျိုးဆက်ပွား ကျန်းမာရေးအဖွဲ့အနေနဲ့ ရပ်ရွာအတွင်း မသန်စွမ်းသူများပါ အကျုံးဝင်လက်လှမ်းမှီနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု၏ အရေးကြီးပုံကို ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်စေရန် ရှင်းပြ ပြောဆိုခဲ့ပါတယ်။

PUI မှ တာဝန်ရှိ ဆရာဆရာမများမှလည်း အပြန်အလှန်ဆွေးနွေးမှုပုံစံဖြင့် ကွန်ဒုံးနဲ့ပတ်သက် သော စိတ်ဝင်စားဖွယ်ရာ အချက်များ၊ ကွန်ဒုံးဘယ်လို စနစ်တကျအသုံးပြုရမလဲဆိုတာနဲ့ ကွန်ဒုံးသုံးခြင်း၏ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို အားတက်သရောဆွေးနွေးခဲ့ကြပါတယ်။ တက်ရောက်လာသူများမှလည်း စိတ်ဝင်တစား ဝင်ရောက်ဆွေးနွေးကြပီး သူတို့သိချင်တဲ့ အချက်တွေနဲ့ သူတို့အမှတ်မှားနေကြသော သံသယတွေကိုလည်း ဆွေးနွေးမေးမြန်းခဲ့ကြပါတယ် ။

တက်ရောက်လာသူများကို ကွန်ဒုံးနဲ့ပတ်သက်ပီး မှတ်မှတ်ရရပိုပီး သိနားလည်စေရန် ရည်ရွယ်ပီး ဂိမ်းကစားပွဲများ ကျင်းပပေးခဲ့ပါတယ်။ ဂိမ်းကစားရာတွင် ပါဝင်သူများကိုလည်း လက်ဆောင်များ ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားကို မသန်စွမ်းသူ တယောက်နဲ့ ကလေး ၁၅ ယောက်အပါဝင် PUI မိတ်ဖက်များနဲ့ ပြည်သူများ စုစုပေါင်း ၄၅ ယောက် တက်ရောက်ပါဝင်ဆင်နွဲ ခဲ့ပါတယ်.

အခမ်းအနားအပီးတွင်တော့ တက်ရောက်လာသောသူများထဲမှ တစ်ဦးက ယခုလို အခမ်းအနားကျင်းပပေးခြင်းအတွက် ဗဟုသုတတွေ များစွာ ရရှိပီး သူတို့အနေနဲ့ အခုလို ဗဟုသုတတွေကို အခြားသူတွေကိုပါ လက်ဆင့်ကမ်းဝေမျှပီး ဘယ်အရာတွေကိုရှောင်သင့်တယ်ဆိုတာတွေပါ သိရတာမို့ ပျော်ရွင်ကျေနပ်ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အခမ်းအနားကျင်းပရခြင်းကြောင့် ပြည်သူလူထုအနေဖြင့် မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သတ်ပီး ပိုမိုသိရှိနားလည်လာကာ PUI မျိုးဆက်ပွား ကျန်းမာရေးဆေးခန်းတွေမှာ ရရှိနိုင်သော မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ဘယ်လိုရယူနိုင်မယ်ဆိုတာပါ သိရှိသွားခြင်းကြောင့် PUI မျိုးဆက်ပွားကျန်းမာရေးအဖွဲ့ အနေနဲ့လည်း ကျေနပ်အားရမိပါတယ်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!