News & Activities

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့

News & Activities

PUI မျိုးဆက်ပွားကျန်းမာရေးအဖွဲ့သားများဟာ ယနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် အမျိုးသမီးများ၏ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတယ်။

ဒလမြို့ PUI မျိုးဆက်ပွားကျန်းမာရေး အခမဲ့ဆေးခန်း၌ ပြုလုပ်ခဲ့သည့် အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်တွင် လူငယ်၊ သက်ကြီး၊ သက်လတ်၊ ကျား/မ အရွယ်စုံပါဝင်သော ဒေသခံပြည်သူလူထုတစ်ချို့တက်ရောက်ပါဝင်ခဲ့ပြီး အမျိုးသမီးအခွင့်အရေးများ၊ လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ၊ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများနှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးပြီး အမျိုးသမီးများ၏ လူမှုဘဝတိုးတက်မြင့်မားရေး လှုပ်ရှားဆောင်ရွက်ခဲ့ကြပါတယ်။

ဒါ့အပြင် PUI မျိုးဆက်ပွားကျန်းမာရေး စီမံချက် အဖွဲ့သားများဟာ ဒလမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ သွားရောက်ခဲ့ကြပြီး လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာများနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါတယ်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!