အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

အမျိုးသမီး ရာသီစက်ဝန်းကို လေ့လာနိုင်ပါသည်။ သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

အမျိုးသမီး မျိုးဥကြွေခြင်းကို တွက်ချက်ခြင်း

နောက်ဆုံးရာသီစက်ဝန်းရဲ့ ပထမရက် (First day of your last period)

ရာသီစက်ဝန်းရက် အရေအတွက် (Length of your cycle)

Disclaimer (ဝန်ခံချက်)

ယခုတွက်ချက်မှုသည် အတိအကျတွက်ချက်ပေးတာမျိုး မဟုတ်ပါ။ ဒီတွက်ချက်မှုတွေဟာ ပျှမ်းမျှတွေအပေါ်မူတည်ပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

အမျိုးသမီး မျိုးဥကြွေခြင်းကို တွက်ချက်ခြင်း ကိရိယာသည် သန္ဓေ (ကိုယ်ဝန်) ရနိုင်သည့် အချိန်ကို ခန့်မှန်းပေးခြင်းသာဖြစ်ပြီး သန္ဓေ (ကိုယ်ဝန်) ရစေရန် သို့မဟုတ် သန္ဓေတားရန် အာမခံချက် မပေးနိုင်ပါ။

FAQs (အမေးများသော မေးခွန်းများ)
သားဥကြွေခြင်းဆိုတာ ဘာလဲ

သားဥကြွေခြင်းဆိုတာ ရာသီစက်ဝန်းအတွင်းမှာ သားဥအိမ်ကနေ သားဥကြွေပြီး သားဥပြွန်ကို ရွေ့သွားတာပဲ ဖြစ်ပါတယ်။ အဲ့ဒီ သားဥပြွန်မှာ မျိုးဥလေးက မျိုးအောင်ဖို့အတွက် စောင့်နေပြီး မျိုးမအောင်ဘူးဆိုရင်တော့ မျိုးဥလေးလည်း ပျက်စီး၊ သားအိမ်နံရံလည်း ကွာကျပြီး ရာသီသွေးအနေနဲ့ ဆင်းလာပါတယ်။

သားဥကြွေတဲ့ လက္ခဏာတွေက ဘာတွေလဲ။

ရာသီစက်ဝန်းတွေ၊ မျိုးအောင်နိုင်တဲ့ရက်တွေ၊ သားဥကြွေတဲ့ရက်တွေက တစ်လနဲ့ တစ်လ ကွဲပြားနိုင်ပေမယ့် သားဥကြွေခါနီးရင် ခံစားရတဲ့ လက္ခဏာတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ သားဥကြွေခါနီးရင်

−အရောင်ကြည်ပြီး ပျစ်တဲ့ အဖြူတွေ ဆင်းတာ

−ခန္ဓာကိုယ်အပူချိန် အနည်းငယ်တက်တာ

−ရင်သားတွေ တင်းပြီးနာတာ

−ဝမ်းဗိုက်အောက်ပိုင်း တစ်ဖက်တစ်ချက်က အောင့်တာ

−လိင်စိတ်အပြောင်းအလဲ ဖြစ်ပေါ်ခြင်း များဖြစ်ပါတယ်။

ရာသီမလာခင်  (၁၀) ရက်ကနေ (၁၆) ရက်ကြားမှာ ဒီလိုခံစားရရင် ဒါသားဥကြွေတာ ဖြစ်ဖို့များပါတယ်။

သားဥကြွေမယ့်ရက် တွက်ချက်ခြင်း ကိရိယာက တိကျသေချာပသလား။

ယခုတွက်ချက်မှုသည် အတိအကျတွက်ချက်ပေးတာမျိုး မဟုတ်ပါ။ ဒီတွက်ချက်မှုတွေဟာ ပျှမ်းမျှတွေအပေါ်မူတည်ပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။

Tools

အခြားတွက်ချက်မှု ကိရိယာများ

မီးဖွားမည့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် တွက်ချက်ခြင်းဆိုတာ ကိုယ်ဝန်ဆောင်ကာလ ဘယ်လောက်ကြာမယ်
ဘယ်အချိန်မှာ ကလေးမွေးဖွားမယ်ဆိုတာကို ခန့်မှန်းတွက်ချက်ပေးတာ ဖြစ်ပါတယ်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!