Q&A (Questions & Answers)

ဓမ္မတာရာသီသွေး အရောင်အမျိုးမျိုး

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

ဓမ္မတာရာသီ သွေး အရောင် က ဘယ်လိုတွေရှိတာလဲ။

ဓမ္မတာရာသီ သွေး အရောင် ဟာ သွေးဆင်း တာ နဲတာများတာပေါ်ကိုမူတည်ပြီး ပန်းရောင် အနီရဲရဲ အညို ရင့်ရင့် ကနေ အမဲရောင် စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။

ရာသီသွေးအရောင်မဲခြင်းဟာ သားအိမ်ထဲမှာ အဲ့ဒီးသွေးဟာ ကြာကြာရှိနေပြီး အောက်ဆီဂျင်နဲ့ ဓါတ်ပြုခြင်းကြောင့် သွေးအရောင် အနီကနေ အညို- အနီပုပ်- အမဲရောင် စသဖြင့်ဖြစ်လာခြင်းဖြစ်ပါတယ်။

ရာသီ လာချိန်တစ်ခုထဲမှာကို အမျိုးမျိုးဖြစ်နိုင်သလို တလနဲ့ တလ ရာသီလာချိန်တွေမှာလဲ အမျိုးမျိုး ပြောင်းလဲနေတတ်ပါတယ်။

ဘာကြောင့် ဖြစ်တာလဲ။

ဟော်မုန်းအပြောင်းအလဲများ၊ စားသောက်နေထိုင်မှုပုံစံ၊ အသက်အရွယ်၊ ပြင်ပပတ်ဝန်းကျင် စတာတွေပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။

သတိထားရမှာကတော့ မျိုးပွားလမ်းကြောင်းပိုးဝင်ခြင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါ စတဲ့ရောဂါတွေမှာ သွေးဆင်းတဲ့ အရောင် ပြောင်းလဲတာ ၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းတာတွေ ဖြစ်လေ့ရှိပါတယ်။

ဒါကြောင့် ပုံမှန်မဟုတ်ပဲ သွေးဆင်းရက်ကြာနေတာ များတာမျိုးရှိရင် ဆေးခန်းပြဖို့လိုပါတယ်။

ရာသီသွေး မှာ သွေးခဲတွေ ပါတတ်လား။

ပုံမှန်ရာသီသွေးမှာ သားအိမ်ရဲ့ အပေါ်ယံလွှာလေးတွေကြွေပြီး သွေးခဲအနေနဲ့ ဆင်းနိင်ပါတယ်။ ဒီလိုဆင်းတာမျိုးက စိတ်ပူစရာ မရှိပါဘူး။

သွေးဆင်းများတယ်ဆိုတာဘာလဲ။

ဗဟိုရောဂါထိန်းချုပ်ဌာန ရဲ့ အဆိုအရ သွေးဆင်းရက် ၇ ရက်ထက်ပိုများတာ (သို့) သာမာန်သွေးဆင်းတာထက် အလွန်များတာ၊ သွေးခဲ ကြီးကြီးတွေပါတာ ဆို ရင် သွေးဆင်းများတယ်လို့ဆိုလိုတာဖြစ်ပါတယ်။

• သွေးဆင်းများတာကြောင့် လစဉ်သုံး အမျိုးသမီး ပစ္စည်းဖြစ်တဲ့ ဂွမ်းထုပ် (သို့) မိန်းမကိုယ်ထဲ့ ဂွမ်းချောင်း တွေကို ၂နာရီခြားတစ်ခါ လဲပေးနေရပြီဆိုရင်

• သွေးခဲ ကြီးကြီးတွေဆင်းတာမျိုးဆိုရင် ဆေးခန်းပြဖို့ တိုက်တွန်းထားပါတယ်။

သွေးဆင်းများရခြင်းက ဘာကြောင့်လဲ။
  • သားအိမ်ထဲတွင်အလုံးအကျိတ်များဖြစ်ခြင်း
  • ဟော်မုန်းမညီမျှခြင်း
  • တင်ပဆုံတွင်းရှိကိုယ်တွင်းအင်္ဂါများရောင်ရမ်းခြင်း
  • သားအိမ်တွင်းထဲ့ သန္ဓေတားပစ္စည်း
  • သွေးရောဂါများ
  • သွေးပျော်ဆေးများသောက်နေရခြင်း
  • သားအိမ်ကင်ဆာ (သို့) သားအိမ်ခေါင်းကင်ဆာရောဂါများ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဆေးမကုသပဲထားရင်ဘာဖြစ်လဲ။

သွေးဆင်းတာကို မကုသပဲထားရင် သွေးအားနည်းပြီး မောပန်းပင်ပန်းလွယ်တာမျိုး ဖြစ်ပါတယ်။

ဒါကြောင့်

  • ပုံမှန်မဟုတ်တဲ့သွေးဆင်းတာတွေရှိနေမယ်ဆိုရင်
  • တစ်လနဲ့ တစ်လ ရာသီလာရက် မမှန်တာ ရက်ရှည်တာ သွေးဆင်းအပြောင်းအလဲ ဆက်တိုက်ဖြစ်နေမယ်ဆိုရင်
  • သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာရှိတယ်ဆိုရင်
  • ရာသီထိန်တာရှိရင်
  • မိန်းမကိုယ် အနံ့နံတာမျိုးရှိလာပြီဆိုရင်
  • မိန်းမကိုယ် ယားတာမျိုးရှိရင်
  • ဖျားရင် ဆေးခန်းပြဖို့ အရေးကြီးပါတယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!