Q&A (Questions & Answers)

အမျိုးသမီးတွေအပေါ်မှာ အများဆုံး သက်ရောက်တဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှု

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

အမျိုးသမီးတွေအပေါ်မှာ အများဆုံး သက်ရောက်တဲ့ ကျား-မ အခြေပြု အကြမ်းဖက်မှု အသွင်သဏ္ဍန် တွေက ဘာတွေလဲ။

• အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုကို လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု စတဲ့ အသွင်သဏ္ဍန် မျိုးစုံနဲ့ တွေ့မြင်နိုင်ပါတယ်။

ဥပမာ – အိမ်တွင်းအကြမ်းဖက်မှု၊ မုဒိန်းမှု၊ အလိုမတူဘဲ လိင်ဆက်ဆံမှု၊ ခြိမ်းခြောက်မှု၊ ကာယိန္ဒြေနှောက်ယှက်မှု နဲ့ လူကုန်ကူးခံရမှုတွေပဲဖြစ်ပါတယ်။

ဘယ်သူတွေက အကြမ်းဖက်ကျူးလွန်တာ တွေ့ရများလဲ။

ရံဖန်ရံခါ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက် ကျူးလွန်သူတွေက သူမရဲ့ ခင်ပွန်း၊ ဆွေမျိုးသားချင်း၊ ဆရာ/ဆရာမ နှင့် အပေါင်းအဖော်တွေ ဖြစ်နေတတ်ပါတယ်။

ကျား-မအခြေပြု အကြမ်းဖက်မှုဖြစ်ပွားရခြင်းရဲ့ နောက်ကွယ်က အကြောင်းတရား ကဘာကြောင့်လဲ။ ကျား-မတန်းတူညီမျှမှု မရှိလို့ပါဘဲ။

အမျိုးသမီးများ အကြမ်းဖက်ခံနေရခြင်းအပေါ် ရိုးရာယဉ်ကျေးမှု ထုံတမ်းအစဉ်အလာနှင့်ချိန်ထိုးပြီး မှန်ကန်၊ တရားမျှတကြောင်း ပြလို့မရပါဘူး။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အကြမ်းဖက်ခံရခြင်းသည် လူမသိ သူမသိဖြစ်ပွားနေသော အရေးပေါ်ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်ပါတယ်။

အဖြစ်များသလား။

• ကမ္ဘာအနှံ့အပြားမှာ အမျိုးသမီး ၃ ဦးလျှင် ၁ ဦးမှာ အကြမ်းဖက်ခံနေရလျက်ရှိပါတယ်။

• အိမ်တွင်းအကြမ်းဖက်မှုကို ထုတ်ဖော်ပြောဆိုဖို့ မလွယ်ကူပါဘူး။ အမျိုးသမီး အများစုက လူမသိ သူမသိ တိတ်တဆိတ် အကြမ်းဖက်ခံနေရဆဲပါ။ သင်လည်း အကြမ်းဖက်ခံနေရသူထဲက တစ်ယောက်ဖြစ်နေတယ်ဆိုရင် ဒါဟာသင် တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သိထားပါ။

ဘာလို့ဒီအကြမ်းဖက်မှုတွေဟာ မပေါ်လွင်တာလဲ။

တရားမျှတမှု နဲ့ အကူအညီရယူဖို့ ရှက်ရွံ့စိုးရိမ်ကြတဲ့အတွက် အမျိုးသမီးအများစုဟာ ကျား-မ အခြေပြု အကြမ်းဖက်မှု ဖြစ်ရပ် အတော်များများကို သက်ဆိုင်ရာဌာနသို့ သွားရောက် တိုင်တန်းခြင်း မပြုကြပါဘူး။

နောက်ဆက်တွဲအကျိုးဆက် ဘာတွေရှိသလဲ။

ကျား-မအခြေပြု အကြမ်းဖက်ခံရမှု၏ နောက်ဆက်တွဲ အကျိုးဆက်များဖြစ်တဲ့

• လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက အမျိုးသမီးများရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်နစ်နာစေပါတယ်။ အကြမ်းဖက်မှုကြောင့် အမျိုးသမီးတွေ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါရရှိနိုင်တယ်။ မလိုလားတဲ့ ကိုယ်ဝန်ဆောင်ရခြင်းနဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းတွေပါ ဖြစ်စေပါတယ်။

• အကြမ်းဖက်မှုက အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေကို ဖြစ်စေနိုင်ပြီး အချို့အဆိုးရွားဆုံးအခြေအနေတွေမှာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

• အကြမ်းဖက်မှုက အမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြီးကြီးမားမား အနာတရ ဖြစ်စေပြီး ပကတိအတိုင်း ပြန်လည်ကောင်းမွန်လာဖို့ နှစ်ကာလများစွာ အချိန်ယူ ကုစားရပါတယ်။

အကြမ်းဖက်မှုလျော့ချဖို့ ဘယ်လိုလုပ်ဆောင်သင့်သလဲ။

ဒီလိုအကြမ်းဖက်ခံရမှုတွေ လျော့ချနိုင်ဖို့ဆိုတာ အမျိုးသားများလည်း အမျိုးသမီးများနဲ့အတူ ရပ်တည်ပေးရပါမယ်။

• အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ အကြမ်းဖက်ခံရမှုမှ ကင်းဝေးနိုင်အောင် သူတို့တွေရဲ့ ဖခင်တွေ၊ ခင်ပွန်းတွေ၊ ဦးလေးတွေ၊ အစ်ကိုတွေ နဲ့ မောင်လေးတွေကိုယ်တိုင် ပါဝင်လုပ်ဆောင်ရပါမယ်။

• အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေနဲ့အတူ အမျိုးသားနဲ့ ယောကျာ်းလေးတွေ အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်မှသာ ကျား-မ အခြေပြုအကြမ်းဖက်မှုကို ထိထိရောက်ရောက် တွန်းလှန်နိုင်မှာဖြစ်ပါတယ်။

အမျိုးသမီးများလည်း အကြမ်းဖက်ခံရမှုမှ ကင်းဝေးစွာ နေထိုင်နိုင်ခွင့်ရှိရပါမယ်။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!