Q&A (Questions & Answers)

ကာလရှည် သားဆက်ခြား နည်းလမ်း (implant)

နှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ မေးခွန်းများနှင့် အဖြေများ

လက်မောင်းတွင်းထဲ့ သားဆက်ခြား ပစ္စည်း (implant)

ဆီလီကွန်ချောင်းလေး ဖြစ်ပြီး တစ်ချောင်း ဒါမှမဟုတ် နှစ်ချောင်းကို ထုံဆေးထိုးပြီး လက်မောင်းထဲကို ထည့်လိုက်တာပဲဖြစ်ပါတယ်။

လက်မောင်းတွင်းထဲ့သားဆက်ခြား ပစ္စည်းက ဘယ်လိုအလုပ်လုပ်တာလဲ။

လက်မောင်းတွင်းထဲ့သားဆက်ခြား ပစ္စည်းမှာပါတဲ့ ဟော်မုန်းတွေက သားဥကြွေခြင်းကို တားပါတယ်။

တခါထဲ့ရင်ဘယ်လောက်ကြာကြာသုံးနိုင်တာလဲ။

အသုံးပြုတဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်ကြိမ်ထည့်ထားရင် (၃) နှစ်မှ (၆) နှစ်ကြာထိ ကိုယ်ဝန်တားပေးနိင် ပါတယ်။

လက်မောင်းတွင်းထဲ့သားဆက်ခြားပစ္စည်း မှာအားသာချက် ဘာတွေရှိလဲ။
  • နှစ်နဲ့ချီပြီး ကိုယ်ဝန်တားပေးနိုင်ခြင်း
  • ပြန်ထုတ်ပြီးတာနှင့် အလွယ်တကူ ကလေးပြန်ရခြင်း
  • အလုပ်ရှုပ်သက်သာခြင်း
  • လိင်ဆက်ဆံသည့် အချိန်မှာလည်း အနှောင့်အယှက် မဖြစ်ခြင်း တို့ ဖြစ်ပါတယ်။
လက်မောင်းတွင်းထဲ့သားဆက်ခြားပစ္စည်း ကို ဘယ်တော့ ထဲ့ရမှာလဲ။
  • ရာသီလာပြီးနောက်(ရ) ရက်အတွင်း
  • ကိုယ်ဝန်ပျက်ကျပြီး နောက်(ရ) ရက်အတွင်း
  • နို့တိုက်မိခင်ဆိုပါက ကလေးမွေးပြီး (၆) ပတ်အကြာတွင် ထည့်သွင်းနိုင်ပြီး မိခင်နို့မတိုက်သူဆိုပါက မီးဖွားပြီးပြီးချင်း ထည့်သွင်းနိုင်ပါတယ်။
လက်မောင်းတွင်းထဲ့သားဆက်ခြားပစ္စည်း မှာ ဘေးထွက်ဆိုးကျိုးဘာတွေရှိလဲ။
  • ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်အလေးချိန် ပြောင်းလဲတာ (ဝလာတာ၊ ပိန်သွားတာ)၊ ရင်သား နာကျင်တာ၊ စိတ်အပြောင်းအလဲ မြန်တာ၊ ပျို့တာ၊ အန်တာတို့ဖြစ်ပါတယ်။ အများအားဖြင့် လအနည်းကြာရင် အဆင်ပြေသွားလေ့ ရှိပါတယ်။
  • တစ်‌ယောက်နဲ့ တစ်ယောက်ခံစားရတာချင်းတော့ တူမှာ မဟုတ်ပါဘူး။သားဆက်ခြားပစ္စည်းမှာပါတဲ့ ဟော်မုန်းကိုတုန့်ပြန်ပုံချင်း မတူကြလို့ပါ။ ဥပမာ တချို့ အမျိုးသမီးတွေမှာ ရှိပြီးသား ဝက်ခြံတွေပျောက်သွားကြပြီး တချို့ကတော့ ဝက်ခြံပိုထွက်လာတတ်ပါတယ်။
  • အဖြစ်အများဆုံး ပြဿနာကတော့ ရာသီသွေး မမှန်တာပါ။ ပစ္စည်းထည့်ပြီး ပထမ ၆လ ကနေ ၁ နှစ်အတွင်း ပိုပြီးဖြစ်လေ့ရှိပါတယ်။ တချို့တွေမှာ အတွင်းခံဘောင်းဘီ ပေတယ်စိုရုံလေး တစက်စက်နဲ့ ရက်အကြာကြီး လာနေတတ်ပြီး တချို့မှာတော့ သွေးအများကြီးဆင်းတတ်ပါတယ်။ အများစုမှာ ဖြစ်လေ့ရှိတာက ရာသီသွေးနည်းသွားတာပါ။ ရာသီသွေးလုံးဝမပေါ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
လက်မောင်းတွင်းထဲ့သားဆက်ခြား ပစ္စည်း (implant)ကို ဘယ်သူတွေ မထည့်သင့်တာလဲ။
  • ကိုယ်ဝန်ဆောင် သို့မဟုတ် ကိုယ်ဝန်သံသယရှိသူများ
  • ကလေးမွေးပြီး ၆ပတ် မကျော်သေးသော နို့တိုက်မိခင်များ
  • ရင်သားကင်ဆာ သည်များ မတည့်သင့်ပါဘူး။

မီးဖွားမယ့်ရက် တွက်ချက်ခြင်း

မီးဖွားမည့်ရက် ခန့်မှန်းမယ်

အမျိုးသမီး မျိုးဥကြွေမယ့်ရက် တွက်ချက်ခြင်း

သန္ဓေအောင်နိုင်မယ့်ရက်ကို တွက်ချက်ပြီး ကလေးယူဖို့ ဒါမှမဟုတ် တားဆေးသုံးဖို့ ဆုံးဖြတ်နိုင်ပါသည်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

HEAD OFFICE: 09 7584 94412

Copyright © 2023 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!